တစ်ကိုယ်လုံး ကယ်တင်ချင်လို့
20-Dec-2017မျက်စိအထူးကုဆရာဝန်ကြီး၏ဇနီးက သားငယ်လေးအား -
“ သားကြီးလာရင် ဖေ့ဖေ့လိုဆရာဝန်ကြီးဖြစ်အောင် ကြိုးစားမယ်မဟုတ်လား ”
“ ကြိုးစားမှာပေါ့မေမေ။ ဒါပေမဲ့ အထွေထွေရောဂါကုဆရာဝန်ပဲလုပ်မယ်။ ဖေဖေ့လို မျက်စိဆရာဝန်ကြီးတော့ မလုပ်ချင်ဘူး”
“ ဘာဖြစ်လို့လဲ သားငယ်ရဲ့ ”
“ အထွေထွေရောဂါကုက လူတစ်ကိုယ်လုံးကယ်နိုင်တယ်။ ဖေဖေတို့က မျက်စိနှစ်လုံးပဲ ကယ်နိုင်တာလေ ”
“ အယ် ”
Credit : မှူးအိမ်ဇင်